School of Christ
ခရစ်တော် ၏ ကျောင်း တော် သို့ ကြို ဆို ပါ တယ်
ပထမ အကြောင်းအရာ က ပဋိပက္ခ အကြောင် Conflict
Life,Deat အသက် ရှင်ခြင်း နှင့် သေ ခြင်း
သင်္ခဏ်းစာ ၁ က အသက် ရှင်ခြင်း ရဲ့ သက်သေခံချက် ဖြစ်တယ် ဗျာ ၂း ၁-၂၀ ၊ ဗျာ ၃း ၁
အသင်းတော် ၇ ပါး ကို ဘုရားသခင် စစ် ဆေး မယ်။ အသင်းတော် တွေ ရဲ့ ဝိညာဉ် အခြေအနေ ကို စစ် ဆေးခြင်း ဖြစ် ပြီး အဖြစ်အပျက် အချက် အားလုံး စစ်ဆေး လေ့လာ ပြီး ရင် တစ်ချက် တည်း ကို ပဲ စံ ထား စီရင် မယ်။ ဘုရား ကို ကိုယ်စား ပြု သူတိုင်း အား အသက် ရှိ ၊ မရှိ စစ်ဆေး စီရင်မယ် ။ ဒီ အသင်းတော် တွေ ကို ဆက် တည်ရှိစေ မလား ? သို့မဟုတ် ဆီမီးခုံ ကို နေရာ မှ ဖယ်ရှားရ မလား ?
အဓိပ္ပါယ် က ကိုယ်တော် နဲ့ ဆက် နွယ်မှု့ ပယ်ဖြတ်ရ မလား ?
ဘုရားသခင် ရဲ့ ရည်ရွယ်ချက် ထဲ ဆက် တည် စေ မလား၊ သို့မဟုတ် ဆက်နွယ်မှု ဖြတ်ခံ ရ မလား ? ဘုရားသခင် ပေါ်ထွန်းစေ တဲ့ အသင်းတော် တန်ဆာပလာ အားလုံး ကို ဆက် တည်စေ မလား ? ဘာ စံ နဲ့ ဘုရား စီရင် ဆုံးဖြတ် မလဲ ?
ဘုရားသခင် နဲ့ သဟာယ ပြတ်ဆဲစေ တဲ့ အကြောင်းရင်း ကို ကျမ်းစာ မှာ ပြတ်ပြတ်သားသား ပြောထား တယ်။
အသင်းတော် ကို ဘုရား က စ ပေါ်ထွန်းစေ တိုင်း ထို အသင်းတော် ကို ဆက် တည် ရှိစေ မယ် လို့ ကိုယ်တော် အာမ မခံ ဘူး။
ဘုရားသခင် ပေါ်ထွန်းစေ ပြီး အကြီး အကျယ် အသုံးပြု ခံရ တဲ့ တန်ဆာပလာ ဖြစ် ဖူး လည်း ကိုယ်တော် ဆက် သုံးမယ် လို့ မထင် နဲ့။
ဘုရားသခင် ကို ကြည်ညိုခြင်း မှာ အံ့သြဖွယ် ရှိ ပြီး၊ တန်ခိုးတော် နဲ့ ကျေးဇူးတော် ကို ခံစား ခဲ့ ဖူးလည်း ကိုယ်တော် ဆက်ထားရှိ မယ် လို့ မဆို လိုဘူး ။ ဘုရားသခင် ပေါ်ထွန်းစေ လျက် ကိုယ်တော် ရဲ့ အသက် ရှင်ခြင်း၊ ကိုယ်တော် ရဲ့ ချစ်ခြင်း၊ ကိုယ်တော် ရဲ့ ကျေးဇူးပြုခြင်း ခံစား ရသူ ဖြစ်ရင် ဘုရား ရှေ့ ဆက် ခွင့်ပြု သင့်တယ် လို့ လူတွေ ငြင်းခုံကြ တယ်။
ဒါ့ကြောင့် ထို အသင်းတော်မျိုး ကို ဘာ စံနှုန်း နဲ့ ဘုရားသခင် စီရင် သလဲ ?
ထို တန်ဆာပလာ ကို ပေါ်ထွန်းစေ တဲ့ ဘုရားသခင် ရဲ့ ရည်ရွယ်ချက် ကို ကြည့်ကြ စို့။
ဆီးမီးခွက် ဖယ် ခံရခြင်း ဖြင့် စီရင်ခံရတာ က ဘာ ဆိုလို သလဲ ? တဲတော် ထဲက ဆီမီးတိုင် ပဲ ဖြစ်စေ၊ ဇာခရိ ၄း၂ က ပြော တဲ့ ရွှေမီးတိုင် ဖြစ်စေ ဘုရားသခင် ရဲ့ ဝိညာဉ်တော် တန်ခိုး ကို ဆိုလို တယ်။ ဆီးမီးခွက် ခုနှစ်လုံး နဲ့ ရွှေမီးတိုင် ခုနှစ်တိုင် ထဲ အသက်ရှင် တဲ့ သံလွင်ပင် မှ ဆီ ထည့်ပြီး မီးလင်းခြင်း ဟာ အသက် ရှင်နေ တဲ့ နမူနာပြ ခြင်းဖြစ် တယ် ။
ဆီ ကို စမ်းပေါက်၊ ပုံး နဲ့ ဆည် မှ ရကြောင်း မပြောဘူး။ အသက် ရှင် တဲ့ သံလွင်ပင် မှ မီးတိုင် ထဲ direct စီးဝင် ကြောင်း ပဲ ပြောတယ်။ အလင်း ဟာ တစ် သမတ်တည်း အားအင် အပြည့် နဲ့ တောက်လောင် နေခြင်း ဖြစ်တယ်။ တက် ကျ ၊ မှေး မှိန်ခြင်း မရှိ ဘူး ဒီ အလင်း ဟာ မသေ တဲ့ ကြွယ်ဝ စုံလင် သော အသက်တာ ကို ဆိုလို တယ် ။ မခမ်းမကုန် နိုင် တဲ့စမ်းရေပေါက်မှအသက်ဖြစ်တယ်။ တောက်လောင်နေ တဲ့ အလင်း က သေခြင်း ကို အမြဲ အောင် တယ်။ ဝိုင်းပတ်နေ တဲ့ သေခြင်း အမှောင် က အလင်း ကို မငြိမ်းစေ နိုင် ဘူး။ ဘုရားသခင် က သူ နဲ့ သူ့ ရည်ရွယ်ချက် ထဲ တန်ဆာ ပလာ တည်ရှိအောင် ဘာ စံ နဲ့ စီရင် ဆုံးဖြတ် သလဲ ? အတိတ် က နာမည်ကောင်း ရှိ ခဲ့ လို့ တည်ခွင့် ပေးခြင်း မဟုတ် ဘူး ။ ကျွန်ပ်တို့ ပတ်ပတ်လည် က သေခြင်း တန်ခိုး ကို ကျော်လွန် တောက်လောင် ရှင်သန်နေ တဲ့ ဘုရား အသက် ကြောင့် တည်ရှိ နေခြင်း ဖြစ် တယ်။ ရွှေမီးခွက် ခုနှစ်လုံး ဟာ ဘုရားသခင် ရဲ့ ဝိညာဉ် ခုနှစ်ပါး နဲ့ သစ္စာ ရှိ တဲ့ သက်သေခံ ယေရှုခရစ် ကို ဆိုလို တယ်။ အသက်ရှင် တဲ့ ဝိညာဉ် တန်ခိုး နဲ့ သစ္စာ ရှိ သော သက်သေခံ အဖြစ် သူတို့ ကို ဘုရားသခင် ခေါ်သုံးခြင်း ဖြစ် တယ်။ အသင်းတော်တွေ ထဲမှာ အသင်းတော် ၅ ပါး က ဝိညာဉ် သက် နဲ့ ဆန့်ကျင် တဲ့ အရာတွေ ရှိ တယ်။ ဘုရား ရဲ့လူ ထဲမှာ ဝိညာဉ်သက် နဲ့ ဆန့်ကျင် ရင် စာတန် ခြေကုပ် ရပြီး သေခြင်း ဝင်ကာ၊ က်သေခံခြင်း ရပ်တန့် သွားတော့ တယ်။အသင်းတော် ထဲ သေခြင်း အတွက် ခြေကုပ် ရ ဖို့ နည်းပေါင်းစုံ နဲ့ စာတန်ဝင် တဲ့ အခါ အသင်းတော် ထဲ ဆန့်ကျင်ဘက် ရဲ့ ဗဟို ဖြစ်လာ တယ်။ နာမည်ကောင်း ရှိကြ ပြီး ၊ အမှား ရှိအောင် ကောင်းတာ လုပ် လည်း အသက် မရှိ ရင် အသုံးခံ တန်ဆာပလာ အဖြစ် မှ ဘုရားသခင် ရပ်ပစ် တယ်။
ဘုရားသခင် ရဲ့ အသုံးခံ ဖြစ်ခြင်း ဟာ ကောင်းတာ လုပ်ခြင်း၊ ဆုတောင်းခြင်း ပေါ် မူ မတည် ဘူး။ ဘုရား ရှိခြင်း၊ အလင်း ရှိခြင်း ပေါ် ပဲ မူ တည် တယ်။ ဒီ အဖြစ် ဟာ ကျွန်ပ်တို့ အားလုံး နဲ့ ဆိုင် တယ်။ ယေရှုခရစ် ရဲ့ ဖမ်းဆွဲခြင်း ကို ကျွန်ပ်တို့ အားလုံး ခံ ရတယ်။ ဖမ်းဆွဲ ခံရ ခြင်း ရဲ့ ရည်ရွယ်ချက် ရှိ တယ်။ ကယ်တင်ခြင်း ခံရ ဖို့ ယေရှုခရစ် ရဲ့ ဖမ်းဆွဲ ခံရခြင်း ဖြစ် တယ်။ကယ်တင်ခြင်း ဟာ အခြေခံ၊ အစ ပဲ ဖြစ် တယ်။
ဘုရားသခင် ရဲ့ ရည်ရွယ်ချက် ထဲ ရောက် တဲ့ အထိ ကျွန်ပ်တို့ ကို ဆက် ကယ်ထုတ် စုစည်း ခြင်း ၊ သန်စင် ၊ ပုံသွင်းး ဦး မယ် ။ ကယ်ထုတ် ခံရ သူ မှာ မ ပျောက်ဆုံး ဘဲ အစဉ်အမြဲ တည် တဲ့ ဘုရားသခင်ရဲ့ဂုဏ်ရည် ရှိလာ ဖို့ ဘုရားသခင် ကြံစည် ၊ ပြင်ဆင်ထား တယ်။ အသင်းတော် အားလုံး ကို ဘုရားသခင် ရဲ့ ရည်ရွယ် ချက် နဲ့ အညီ ဘုရားသခင် ဆက်ဆံ ဆုံးဖြတ် တယ်။ ဘုရားသခင် အသုံးပြု တဲ့ တန်ဆာပလာ ဟာ မဆိုးလှ တဲ့ အတွက် ထောက်ပံ့၊ ကြည့်ရှု့ တည်ရှိ နေ သင့် တယ် လို့ လူတွေ ထင်မြင် ကြ တယ်။ ကောင်းတာ လုပ်နေ တဲ့ အသင်းတော် ကို ပြစ်တင် ဖယ်ရှားခြင်း ဟာ လွန်လွန်း တယ် လို့ လူတွေ ထင်မှား ပြောမှား ကြ တယ်။ချီးမွမ်း သင့် တဲ့ အချက် ကို ကြည့် ပြီး၊ ဘာ့ ကြောင့် မကြေနပ်ကြ သလဲ ?ဒီ အတွေး ဟာ မှား တယ် လို့ ဘုရားသခင် ရဲ့ နှုတ်ကပတ်တော် က ပြော တယ်။ ခရစ်တော် ရှိ တဲ့ ပထမ နေရာ မှာ ရပ်တည် ဖို့ တန်ဆာပလာ ကို ပေါ်ထွန်းစေခြင်း အပေါ် စံ ထားပြီး ဘုရားသခင် စီရင်ခြင်း ဖြစ် တယ်။
အသင်းတော် အတွက် ဘုရားသခင် ရဲ့ ရည်ရွယ်ချက် ကို မြင်ရင် ကောင်းမှု့ လုပ်ခြင်း နဲ့ သင်ကျေနပ် မှာ မဟုတ်ဘူး။ ဘာ ကြောင့် လဲ ၊ ဘုရား က သင့်ကို မကျေနပ် လို့ သင် ၌ ငြိမ်သက်ခြင်း ၊ ကျေနပ်ခြင်း မရနိုင် ဘူး ။ဒီ ကိစ္စ မှာ ဘုရား က ပြတ်ပြတ်သားသား ပဲ ပြော တယ်။အတိတ် က အကြီးအကျယ် ဘုရားသခင် ရဲ့ အသုံးပြု ခံရ ပြီး၊ ကောင်းချီး ခံစားခဲ့ ရ ပါစေ ဘုရား ရဲ့ အသက် မရှိ ရင် ထိုတန်ဆာပလာ ကို ဘုရားက ဆက် အသိအမှတ်ပြု မှာ မဟုတ် ဘူး။ဘုရားသခင် ပေါ်ထွန်းစေ တဲ့ မူလ ရည်ရွယ်ချက် နဲ့ ညီ မှ ဘုရား ရဲ့ အသက် ရှိ မှ ဘုရား က ဆက်ထား မယ်။
အသင်းတော် ကို ဘာ အတွက် ဘုရားသခင် ပေါ်ထွန်းစေ သလဲ ?
နာမည် ခံ ယုံကြည် သူများ အသင်းတော် ကြား မှာ လူထူးလူဆန်း အောင်မြင်သူများ တစ်စု ရှိ ဖို့ ဘုရားသခင် မရည်ရွယ် ပါ။ အောင်မြင်သူ စကားလုံး က တစ်နေရာရာ မှာ ကျရှုံးကြောင်း ကြေငြာ နေ တယ်။ ကိုယ်တော် ရဲ့ အသင်းတော် ဟာ သေခြင်း သက်သေခံ ဖို့ ဘုရားသခင် ရည်ရွယ် တယ်။ ယေရှု ရဲ့ သက်သေခံချက် ဟာ သေခြင်း မှ သူ ပြန် ရှင်ကြောင်း အမြဲ ပြော တယ်။
သေခြင်း ကို အောင် တဲ့ တန်ခိုး နဲ့ ကိုယ်တော် ရှင် နေ တယ်။
ယေရှုခရစ် ရဲ့ သက်သေခံများ ကို ပဋိညာဉ်သစ် က အသိအမှတ် ပြု တယ်။ ယေရှု အကြောင်း သူတို့ ပြော နေ တာ ကို ကိုယ်တော် မလိုချင်ဘူး၊ ကိုယ်တော် ရဲ့ ပြန် ရှင်ခြင်း အသက် နဲ့ သူတို့ သက်သေခံ ဖြစ် နေခြင်း ပဲ လိုချင် တယ်။ အဘ ဘုရား က ယေရှုခရစ် ကို သေခြင်း မှ ပြန် ရှင်စေ တဲ့ အတွက် ကိုယ်တော် ထာဝရ ရှင် နေ ခြင်း ဖြစ် တယ်။ အသက် ရှင် နေတာ ကို ကိုယ်တော် သက်သေ ထူခြင်း သေခြင်းကို အောင်ပြီး ဖြစ် တယ်။သမ္မာတရား ကို ပဲ သက်သေခံခြင်း မဟုတ်ပါ။ သင်တို့ ဟာ အစအဦး က လို မီးလင်း ရဲ့ လား ? လောက နဲ့ သေခြင်း အမှောင် ကို ယေရှု ခရစ် က အသက်ရှင် အောင်မြင် ကြောင်း သင်တို့ထဲ မှာ သက်သေခံ ခြင်း ဖြစ် နေကြ လါး ?အသင်းတော် ဆိုတာ သေခြင်း ကို အောင် တဲ့ ယေရှုခရစ် ရဲ့ အသက် နဲ့ ဤ လောက မှာ အလင်း လင်းပြီး သက်သေ ခံ ဖို့ ဖြစ် တယ်။ယနေ့ ရှင်ရ မည့် အသက်ဟာ ယေရှုခရစ် ရဲ့ ပြန် ရှင်ခြင်း အသက် နဲ့ ရှင် မှ သာ ဝိညာဉ် သဘော ရှိတယ်၊ ဘုရား ကြိုက်တယ်။ သင့် ရဲ့ ဆုတောင်းခြင်း မှာ တန်ခိုး နဲ့ အစွမ်း ဆုတ်ယုတ် နေတာ ခံစား ရလါး၊ သင် စ ဆုတောင်း တဲ့ အခါ သိပ် အားစိုက်စရာ မလိုဘူး လါး၊ ခေတ် ရဲ့ နောက်ဆုံး ပဋိပက္ခ ဟာ ရှင်ခြင်း နဲ့ သေခြင်း တိုက်ပွဲ ဖြစ် တယ်။ ဒါ ဝိညာဉ်တိုက်ပွဲ ပဲ၊
အသက် ရှင်ခြင်း ကို ခရစ်တော် ရှာ မတွေ့ ရင် ဘယ့်လောက် များများ ကောင်းတာ လုပ်လုပ်၊ ဘာသာ တရား ဘယ့်လောက်ကြည်ညို ကြည်ညို၊ သာသနာ လုပ်ငန်း ထဲ ရွှေငွေ ဘယ့်လောက် လှူလှူ၊ ထို တန်ဆာပလာ ကို အသင်းတော် လို့ မခေါ်ထိုက် ဘူး။ ဒါ့ကြောင့် ဘုရား ရဲ့ ငြင်းပယ် ဖယ်ရှား ခြင်း ခံရ တယ်။(ဆက်လက်ဖေါ်ပြသွားပါမည်) ဘာသာပြန်- Eagle

0 comments:

Post a Comment