Stewarship of Times

Stewardship of Times
အချိန်ကိုဘယ်လို စီမံ ခွဲဝေ အသုံးပြုမလဲ?
အချိန်ကို ခွဲဝေထိန်းသိမ်း အသုံးပြုတက်ဖို့ ဘုရားသခင်ဥာဏ်ပညာ ပေးထားတယ်။
လူရတဲ့အသက်နဲ့အချိန်ဟာ တစ်ခါပဲရတယ်။သင်ကုန်သွားတဲ့အချိန်ကို ပြန်မရနိုင်တော့ပါ။
ဘုရားသခင်ဆီက ရတဲ့အချိန်ဟာ ဘုရားကရည်ရွယ်ချက်နဲ့ ပေးခြင်းဖြစ်တယ်။
အသက်နဲ့ ကျန်းမာခြင်းဟာ ဘုရားပေးတဲ့ ကောင်းချီးblessing ဖြစ်တယ်။
လူကို ဘုရားပေးတဲ့ လူ့သက်ဟာ နှစ် ၇၀ ပဲရှိမယ်။
မြန်မာပြည်ရဲ့ ကျန်းမာရေးသက်တန်းဟာ ၄၅-၅၀ နှစ်ပဲရှိတယ်။
ယခု သင်ကုန်သွားပြီးတဲ့ သက်တန်းကို နုတ်ရင် ဘယ်လောက်သင်၌ကျန်မလဲ?
ဘဏ္ဏာထိန်းဆိုတာဘာလဲ?
ဘဏ္ဏာထိန်းဆိုတာ ကိုယ်မှာရှိသမျှအားလုံးကို အခြားလူတစ်ဦးက ပိုင်ခြင်းဖြစ်ပြီး ကိုယ်ဘာမှမပိုင်ဘူး။ ပိုင်ရှင်ရဲ့ဆန္ဒ၊ ရည်ရွယ်ချက်အတိုင်း စီမံ ခွဲဝေ သုံးပိုင်ခွင်ပဲရှိသူဖြစ်တယ်။
ကိုယ့်သဘော ကိုယ်ဆန္ဒ အတိုင်းသုံးပိုင်ခွင့်မရှိပါ။
အချိန်ကို စီမံခွဲဝေသုံးနည်း
အချိန် နဲ့ မိမိကို ဘုရားပိုင်တယ်။
ကိုယ်ရဲ့ အချိန်ကို ပိုင်ရှင်ဖြစ်တဲ့ ခရစ်တော် ရည်ရွယ်တဲ့ အတိုင်းပဲ သုံးခွင့်ရှိတယ်။
တစ်ရက်ဆိုတာ နေဝင်ချိန်မှ စပြီး နှစ်ဆယ့်လေးနာရီရှိတယ်။ နှစ်ပိုင်းခွဲထားတယ်။
နားရမယ့် အချိန်ရှိသလို အလုပ်လုပ်ရမယ့် အချိန်ရှိတယ်။
တစ်ရက်ဆိုတာ ညနေ ၆နာရီ မှ နံနက် ၆နာရီ ထိ ည နံနက် ၆နာရီ မှ နေဝင် ၆နာရီ နေ့ ဖြစ်တယ်။
အဓိပ္ပါယ်က ဘုရားသခင်က လူကို နားနေခွင့် စ ပေးတယ်။ နေ့ မှာ အလင်း ပေးပြီး အလုပ်လုပ် စေတယ်။ ဘုရားက ၆ ရက် အလုပ်လုပ်ပြီးမှ တစ်ရက် နားတယ်။
လူ ကို တစ်ရက်နားစေပြီး မှ ၆ ရက် အလုပ်လုပ်စေတယ်။
လူ ရဲ့ အစဟာ နားခြင်း နဲ့ စတယ်။ နား ပြီးမှ ခွန်အားဖြစ်လာ၊ ရှိလာမယ်။
ခုခံအား တက်လာမယ်။ ပြီးမှ အလုပ်လုပ် နိုင်တယ်။ ပြိးမှ အလုပ်လုပ်နိုင်တယ်။
တစ်ရက် ကို နှစ်ပိုင်းပဲ ပိုင်းတယ်။ နားတဲ့ အချိန်နဲ့ အလုပ်လုပ်ချိန် ဖြစ်တယ်။
၁. Rest အနားယူခြင်း
ဘုရားက ၁၂ နာရီလုံး လူကို အနားပေးတယ်။ လူကို ၁၂ နာရီ အနားပေးခြင်းဟာ
လူအတွက် ဘုရားပေးတဲ့ ကောင်းချီး မင်္ဂလာ ဖြစ်တယ်။ နားချိန်မှာ ကောင်းကောင်း အနားယူပါ။နားစဉ် ဘုရားပေးတဲ့ ကောင်းချီး မင်္ဂလာလို့ ခံယူပြီး ဘုရားကို ကျေးဇူးတင်ပါ။ကောင်းကောင်း မနားရင် အသက်တိုမယ်။ ကိုယ်အင်္ဂါ organs မြန်မြန်ပျက်မယ်။
မော်တော်ကား၊ လေယဉ်ပျံ၊ ကက်ဆက်၊ ကွန်ပြူတာ၊ မီးစက်….တီထွင်တဲ့ ပညာရှင်ဟာ စက်ကို ဘယ်နှစ် နာရီ သုံးပြီးရင် ဘယ်နှစ် နာရီ နားမှ စက်…ကြာရှည်ခံပြီး မပျက်လွယ်ကြောင်း သတိပေးကြတယ်။
အနားမပေးဘဲ ဆက်တိုက် သုံးရင် မြန်မြန် ပျက်စိးလွယ်သလို ကိုယ်ခန္တာ တစ်ခုလုံး
မျက်စိ၊ ဦးဏှောက်၊ အသဲ၊ ကလီဇာ လည်းပျက်ဆီးလွယ်တယ်။ ဒါကြောင့် ကိုယ်ခန္တာ တစ်ခုလုံးကိုလည်း အနားပေးဖို့လိုတယ်။
အနားယူမှ ဘုရားသခင် ရည်ရွယ်တဲ့အတိုင်း ကောင်းချီး အပြည့်ခံစားရမယ်။
ဘုရား အနားပေးတဲ့ အချိန်ကို မှန်မှန် နားရင် ခုခံအား ကောင်းပြီး အသက်ရှည်မယ်။ ဘုရားပြောတဲ့အတိုင်း နားမယ်ဆိုရင် ဘုရား ရည်ရွယ်ချက် အတိုင်း စွမ်းရည်ပြည့် အသက်ပြည့်နေရမယ်။
ဘုရားပေးတဲ့ အချိန် နဲ့ ဆိုင်တဲ့ တရား law ကို ဖျက်ရင် ကိုယ်ခန္တာချို့ယွင်းသွားတယ်။ လူက အနားယူတဲ့အခါယူ၊ အလုပ်လုပ်ရမဲ့အချိန်လုပ်ရင် ခုခံအားနဲ့စွမ်းရည်တက်လာတယ်။ ခန္တာ ကြီးထွားလာတယ်။ အနားယူခြင်းဟာ ဘုရားပေးတဲ့ ကောင်းချီး မင်္ဂလာ
ခံစားရခြင်းဖြစ်တယ်။
ဘယ်လို အနားယူ မလဲ? How
ဘုရား အနားပေးရင် ဝိညာဉ်၊ စိတ်၊ ခန္တာ သုံးပိုင်းလုံး လူတစ်ကိုယ်လုံးကို ဘုရားက အနားပေးခြင်း ဖြစ်တယ်။
ဘုရားပေးတဲ့ REST ငြိမ်ဝပ်ခြင်း
အိပ်ပျော်ခြင်းဟာ ဘုရားရဲ့ ကောင်းချီး ဖြစ်တယ်။ ညတိုင်း အိပ်ခွင့် ရတာ ဘုရားရဲ့ Blessing ကောင်းချီး ဖြစ်တယ်။
အိပ်တယ်ဆိုတာ ကိုယ်ခန္တာ ပဲ အိပ်တယ်။ လူရဲ့ ဝိညဉ်နဲ့ စိတ်က မအိတ်ပါ။ ခန္တာ အိပ်တဲ့ အခါ ဝိညဉ်နဲ့ စိတ်လည်း REST နားခွင့် ရတော့ မအိပ်ဘဲ ဘယ်လို နားမလဲ ?
နားတယ်ဆိုတာ ကောင်းကင်ဘုံ တတိယ ပလ္လင်ပေါ်၌ ယခု စိုးစံနေသော ခရစ်တော်၌
နားနေခြင်း Rest in Christ လို့ ဘုရားပြောတယ်။
ဘာသာရေးပြောတဲ့ Rest in Christ ဆိုတာ သင်္ချိုင်းကုန်း ရောက်သွားတာကို ပြောကြတယ်။
Rest in peace ဟာ ကောင်းကင် ပလ္လင်မှာ ထိုင်နေတဲ့ ယေရှုခရစ်ထဲမှာ ထိုင်နေခြင်း ဖြစ်တယ်လို့ ဘုရားသခင်ပြောတယ်။
ဘယ်လို ထိုင်ရမလဲ?
ကောင်းကင် ပလ္လင်ပေါ်မှာ ယေရှု ဘာလုပ်နေသလဲ?
ယေရှု ထိုင်နေတယ်။
လူကို ဘုရားပေးတဲ့ စိတ်နှလုံးသစ်ဟာ စက်ရုံက ထုတ်တဲ့ ကွန်ပျူတာ အသစ်စက်စက်မျိုး ဖြစ်တယ်။
ဘုရားပေးတဲ့ စိတ်နှလုံးသစ်ဟာ Operating system နဲ့ software မထည့်သေး၊ ဆိုင်ပေါ်တင်မရောင်းသေးတဲ့ ကွန်ပျူတာ အသစ်စက်စက်မျိုး ဖြစ်တယ်။ ကွန်ပျူတာ
အလုပ်လုပ်ဖို့ ကွန်ပျူတာ ဘာမှ မထည့်ရသေးဘူး။ unloaded , emptied လို့ခေါ်တယ်။
ယခု ခရစ်တော် ဘယ်မှာရှိသလဲ?
ကောင်းကင် ပလ္လင်ပေါ်မှာ ဘုရားသခင်ရဲ့ လက်ျာဘက်မှာ ထိုင်နေတယ်။
ထိုင်နေတယ်။
ထိုင်နေတယ် ဆိုတာ နားနေတယ်။
အမှုပြီးပြီ။
အလုပှ်ုပြီးပြီလို့ ဆိုလိုတယ်။
ဘာအလုပ်တွေ ပြီးသွားသလဲ?
ယေရှုဟာ မာန် (၅) ပါး အောင်တဲ့အရှင် ဖြစ်တယ်။
မယ်တော် မာရိ ဝမ်း မှ ကားတိုင်ပေါ်တက်တဲ့အထိ
လူအဖြစ် ရာနှုန်းပြည့် နဲ့ အသက်ရှင်တယ်။
လောကမှာ တွေ့ကြုံခံစားရတဲ့ ဆင်းရဲခံရခြင်း၊ စုံစမ်းနှောက်ယှက်ခံရခြင်း၊ ကဲ့ရဲ့ပြစ်တင်ခံရခြင်း၊ အရှက်ကွဲခံရခြင်း၊ ဝိုင်းပယ်ရှုံ့ချခံရခြင်း၊ အခက်အခဲအားလုံးကို
လူ အနေနဲ့ခံခဲ့တယ်။ လူ အနေနဲ့ ပဲ အောင်မြင်ခဲ့တယ်။
ယေရှု ဟာ ဘုရားသား ဖြစ်တယ်။
ဘုရား စစ်စစ် ဖြစ်ပေမယ့် ဘုရားတန်ခိုးကို ထုတ်မသုံးဘူး။
လူ ပကတိ အနေနဲ့ပဲ နေထိုင်သွားလာ အောင်မြင်ခဲ့တယ်။
တစ်နှစ် သုံးကြိမ် ဗိမ္မာန်တော်ကို ခြေလျင်လျှောက်ပြီး သွားတယ်။ လူလိုပဲမောတယ်၊ လူလိုပဲနားတယ်၊ နတ်ဆိုးကိုလည်း လူ အနေနဲ့ပဲ နိုင်ခဲ့တယ်။
လောကသို့……
ယေရှု ကြွလာ အသက်ရှင်ခဲ့တဲ့ ၃၄ နှစ် လုံးလုံး
လောကရဲ့ စုံစမ်းနှောက်ယှက်ခံရခြင်း၊
သွေးသား တပ်မက်ခြင်း
အပြစ်ရဲ့ သွေးဆောင်ခြင်း
နတ်ဆိုးရဲ့ သွေးဆောင်ခြင်း
သေခြင်း မာန် ကို အောင်ခဲ့တယ်။
ယေရှုဟာ မာန် (၅) ပါး ကို အောင်တဲ့ ဘုရားစစ်စစ် ဖြစ်တယ်။
အဘဘုရား စေခိုင်းတဲ့အတိုင်း ကားတိုင်ရောက်တဲ့အထိ အဘကို ယေရှုနာခံခဲ့တယ်။
လူတွေပေါ်မှာ ရှိနေတဲ့ အပြစ်ကြောင့် အကုသိုလ်အားလုံး တရားရဲ့စွဲချက်အားလုံး နှင့် သေဒဏ်ကို ယေရှုက အသေခံ ပေးဆပ်လိုက်တဲ့အတွက် အဘဘုရား ကျေနပ်သွားတယ်။ သေခြင်း မာန် ကို အောင်ခဲ့တဲ့ အသက်နဲ့ အမြင့်ဆုံး ပလ္လင်ပေါ်မှာ ယေရှု
ချီးမြှောက်ခံရတယ်။ ဘုရားက သားတော်ယေရှုကို ချီးမြှောက်ရုံ မက မိမိအတွက် ယေရှုသေခြင်းဖြစ်တယ်လို့ သဘောတူ ယုံကြည်လက်ခံတဲ့ ခရစ်ယာန်ကိုလည်း ယေရှုနဲ့အတူ ပလ္လင်ပေါ်မှာ ထိုင်ခွင့်ပေးလိုက်တယ်။
Seated in Christ
ခရစ်တော် ထဲမှာ ထိုင်နေတယ်။
Seated in Christ in Heaven on the throne.
ခရစ်တော် ၌ ထိုင်နေသူဟာ ကောင်းကင်ပလ္လင်ပေါ်မှာ ထိုင်နေခြင်းဖြစ်တယ်။
Born again ခရစ်ယာန်ဟာ…….
ခရစ်တော် ထဲမှာ …
ကောင်းကင်ဘုံ ပလ္လင်ပေါ်မှာ ထိုင်နေတယ်။
You in Christ………..Christ in you.
ခရစ်တော်၌ သင်တည်လျှင် သင့်ထဲမှာ ခရစ်တော် တည်မယ်။
ခရစ်တော်၌ သင်တည်မှ သင့်ထဲမှာ ခရစ်တော် ရှင်ပေးမယ်။
ခရစ်တော်၌ သင် ထိုင် နေတယ်ဆိုတာ ခရစ်တော်၌ သင် နား နေခြင်း ဖြစ်တယ်။
နားနေတယ် ဆိုတာ ဘာမှ မလုပ်ဘူး။
၂. ထိုင်နေတယ်
ဘယ်မှာ ထိုင်နေ သလဲ?
ခရစ်တော်ထဲမှာ ထိုင်နေတယ်။
သင်က ခရစ်တော်ပေါ်မှာ ထိုင်ထားတယ်။
ခရစ်တော် ဆိုတဲ့ ပလ္လင်ပေါ်မှာ သင်ထိုင်နေတယ်။
You are seated in Christ.
ထိုင်နေတယ် ဆိုတာ ဘာလဲ?
(က) ထိုင်နေတဲ့ သင်ဟာ ဘာမှ မလုပ်ဘူး။
(ခ) ထိုင်နေတဲ့ သင့်ကို ပင့်ထားတာ ခရစ်တော် ဖြစ်တယ်။ ခရစ်တော်ပေါ်မှာ သင်ထိုင်နေ တယ်ဆိုတာ….
ဘုရားသခင်ရဲ့ အိမ်တော်ထဲက ရွှေစားပွဲ ဟာ ခရစ်တော် ဖြစ်တယ်။
ရွှေစားပွဲ ပေါ်တင်ထားတဲ့ မုန့် ၁၂ လုံးဟာ ယုံကြည်သူ လူမျိုးတော် ၁၂ နွယ်ဖြစ်တယ်။
မုန့်၁၂လုံး ဟာ ယုံကြည်သူ လူမျိုးတော် အားလုံးကို ဆိုလိုတယ်။
ရွှေစားပွဲ က မုန်ကိုထမ်းခြင်း
အဓိပ္ပါယ် က ယုံကြည်သူများကို ခရစ်တော် ထမ်းထားကြောင်း
ယုံကြည်သူများကို ခရစ်တော် ပင့် ထမ်းထားကြောင်း ဆိုလိုတယ်။
He carried you. ခရစ်တော် က ကျွန်ပ်/ သင့် ကို ထမ်းထားတယ်။
သင့် အလေးချိန်က ခရစ်တော် ပေါ်မှာ ရောက်သွားတယ်။
Rest အဓိပ္ပါယ် က born again ခရစ်ယာန် အတွက် ပဲ ဖြစ် တယ်။
In church ထဲ မှာပဲ သင်ကျေနပ် နေရင်
In Christ ထဲ သင် မရောက်သေးဘူး…
ခရစ်တော်ထဲ ကောင်းကင် ပလ္လင်ပေါ်မှာ ဘုရားက သင့်ကို……
နားနေခွင့် ပေးထားတာ ဖြစ်တယ်။
Cell phone ကို တစ်ညလုံး plug in လုပ်သလို
သင့် ဝိညာဉ်ကို ကောင်းကင်ဘုံ ပလ္လင်ပေါ်ထိုင်နေတဲ့ ယေရှုခရစ်ထဲမှာ plug in တည်ရတယ်။
in Christ


ပင်မ၊ ပင်ရင်း၊ main ဖြစ်တယ်။
ကောင်းကင် တတိယထပ် ပလ္လင်ပေါ်မှာ ရှိတဲ့ ခရစ်တော်ထဲမှာ Plug in တည်မှ ….
အလင်း Light
အသက်
ချစ်ခြင်းမေတ္တာ
ငြိမ်သက်ခြင်း ရမယ်။
ဝိညာဉ် အရာကို နားလည်ချင်ရင် သန့်ရှင်းသောဝိညာဉ်တော်ကို မေးပါ။
သန့်ရှင်းသော ဝိညာဉ်တော်ထဲကပဲ နားလည်အောင် ဖွင့်ပြတက်တယ်။
In Christ ထဲ သင် မရှိရင် သင့်ရဲ့ ဆုတောင်းချက်ဟာ ကရုဏာ ပလ္လင် ဆီ မရောက်ဘူး ။
သင်္ချိုင်းကုန်း ရောက်မှ ငြိမ်ဝပ်ခြင်း REST ရမယ်လို့ယုံရင်မှားတယ် ။
ဝိညာဉ် အသက်သစ် မွေးဖွားသူဟာ
Rest in Christ
Rest in Heaven
Rest on the throne ပေါ် အဘဘုရား ရည်ရွယ် ထားတယ်.
In Christ ထဲရောက်မှ နေရာမှန် ဖြစ်တယ်။
ဝိညာဉ် အသက်သစ် မွေးဖွားပြီးသူရဲ့ ဝိညာဉ်၊ စိတ်၊
in Christ , in Heaven , on the throne ပေါ်
why ! ဘာကြောင့် Rest အနားယူရ သလဲ !
why rest ?- အားရှိ ဖို့
- Immunity ခုခံအားတက်ဖို့
- အလုပ်လုပ် နိုင်ဖို့ နားရခြင်းဖြစ်တယ်။
ယခု အချိန်မှ စအနား ရရှိတယ်။ သေပြီးမှ ပေးတာ မဟုတ်ဘူး။
Why Rest in Christ?
ဘာကြောင့် ယေရှုခရစ်၌ တည်ဖို့ လိုသလဲ?
ယေရှုခရစ်သည် မာန် (၅) ပါး ကို အောင်ခဲ့ပြီးပြီ။
He has overcome the world
The flesh
Sin
Satan and
Death
Resting in His finished word.
Receiving his victory.
ယေရှုနိုင်တဲ့ အောင်မြင်ခြင်း (၅)မျိုးကို ကျွန်ပ်တို့ သွေးသားခန္တာကိုယ်ထဲမှာ ခံယူအောင်မြင်နေခြင်း ဖြစ်တယ်။
You are more than conquer.
အောင်မြင်သူ ယေရှုထက် ကျွန်ပ်တို့က သာ၍ အောင်မြင်တယ်။
ငြိမ်ဝပ်စွာနေခြင်း Rest ရဲ့ အဓိပ္ပါယ်-
သင်ဘာလုပ်စရာ လိုသလဲ?
ယေရှု အောင်ပြီးတဲ့ အောင်မြင်ခြင်း (၅)မျိုးအတွက် သင်ဘာမှ ကြိုးစားစရာ မလိုဘူး။
ကိုယ်တော်ကို စေ့စေ့ရှုပြီး တစ်ခွန်းချင်း နာခံဖို့ပဲ လိုတယ်။
ယေရှုရဲ့ အောင်မြင်ခြင်းဟာ…….
(၁) ပြည့်စုံတယ်။
(၂) ယေရှု နိုင်ပြီးပြီ။
(၃) သင့်ကိုယ်အင်္ဂါထဲမှ တဆင့် သူဆက်အသက်ရှင် အောင်မြင်ပေးအုံးမယ်။
မာန် (၅) ပါး လူသားအဖြစ် ယေရှုနိုင်တယ်။
လူသား အနေနဲ့ နိုင်ခြင်းဟာ လူသားဖြစ်တဲ့ သင်လည်းနိုင်. နိုင်တယ်လို့ သက်သေပြခြင်းဖြစ်တယ်။ ၁ ကော ၁၀း ၁၃
လူ၌ ဖြစ်တက်သော စုံစမ်းနှောက်ယှက်ခြင်းကို လူသားယေရှု ခံခဲ့ပြီးပြီ။
ဒါကြောင့် လူကို သူ နားလည်တယ်။
လူကို သူ ကိုယ်ချင်းစာတယ်။
သင် မနိုင်တဲ့ အရာကို သူက အစားဝင် လုပ်ပေးခြင်းကို ကျေးဇူးတော်လို့ ခေါ်တယ်။
ယေရှု နိုင်ပြီးသား အောင်ပွဲ ၅ မျိုးကို သင်လက်ခံရယူရင် သင်စိတ်ဝိညာဉ်၊ ကိုယ်အင်္ဂါ၌
ခရစ်တော်အား သင့်ကိုယ်စား ဆက်ရှင်ခွင့်ပေးပါ။
သင့် ကိုယ်အင်္ဂါ အားလုံးကို ယေရှုထံ ပေးအပ် အသက်ရှင်ခွင့်ပေးမှ မှန်သော အပ်နှံ ဆက်ကပ်ခြင်း ဖြစ်တယ်။
ခရစ်တော်ကို ကိုယ့်ထဲမှာ ရှင်ခွင့်ပေးလိုက်တဲ့အခါ သူရဲ့ အသက်နဲ့ ကိုယ်အတွက် သူ ရှင်ပေးတယ်။
Rest in Christ- in His finished work
- in His victory
ယေရှုခရစ်ရဲ့ အောင်မြင်ခြင်းနဲ့ ပြီးစီး သွားတဲ့ အလုပ်တွေ ပေါ်မှာ သင် ဆက် ရပ်တည်၊
ယုံကြည် ခံယူ အသက်ရှင် နေဖို့လိုတယ်။
ယေရှုက ကိုယ်ထဲမှနေပြီး အောင်မြင်ခြင်း (၅)မျိုးကို အသက်ရှင် ပေးနေတယ်။
နေ့တိုင်း သင့်ရဲ့ - နား
- မျက်စိ
- စိတ်နှစ်လုံး
- ခြေထောက်
- လက်
- နှုတ်
ကို ယေရှုထံ အပ်နှံဆက်ကပ်ပြီး အသက်ရှင် ခွင့်ပေးပါ။
Resting က…..
ရက်သတ္တ တစ်ပတ်မှာ (၇) ရက်လုံး Rest in Christ ခရစ်တော်၌ နားနေခြင်း
ဖြစ်တယ်။
ဘုရားဆိုလိုတာဟာ တစ်ပတ် (၇) ရက်လုံး Rest in Christ ခရစ်တော်ရဲ့ အောင်မြင်ခြင်း (၅)မျိုး ကျွန်ပ်တို့ရဲ့ ဇာတိ= ငါ နဲ့ အပြစ်တရားကို စီရင်သတ်ပစ်
ပြီးစီးတဲ့ အလုပ်တွေ ကိုယ်ရဲ့ အသက်တာထဲမှာ ဖြစ်နေမှ Rest ငြိမ်ဝပ်ခြင်း အစစ်ဖြစ်တယ်။
ကောင်းချီးမင်္ဂလာ ဖြစ်တယ်။
ကိုယ့်ရဲ့ အလုပ်ရှင်ဟာ ခရစ်တော် ဖြစ်တယ်။
သူပေးတဲ့ အလုပ်ဟာ ကောင်းချီး Blessing ဖြစ်စေတယ်။
ဘယ်သူက ကိုယ့်ကို ဘာဘဲ ခိုင်းခိုင်း ခရစ်တော်က ခိုင်းတာလို့ခံယူပါ။
သင် ဘယ်သူရဲ့ အလုပ်သမားလဲ?
ကောင်းကင်ဘုံ သူဌေးကြီး အလုပ်ရှင်ခရစ်တော်ရဲ့ အလုပ်သမားလို့ ခံယူပါ။
ဘုရားက အလုပ်အားဖြစ် သင့်ကို သားတော်ယေရှုခရစ် နဲ့ တူအောင် ပုံသွင်းနေတယ်။ တပြိုင်တည်း မိမိရဲ့ လူဟောင်းဇာတိ = ငါ ကို မထအောင် နှိပ်ကွပ်နေခြင်း ဖြစ်တယ်။ ဇာတိ ထ ကြွတဲ့ လူ မှာ ငြိမ်ဝပ်ခြင်း မရှိဘူး။ အလုပ်က တန်ဘိုးရှိတာ မဟုတ်ဘူး။
တန်ဘိုးရှိသော သင်ကို အလုပ်နဲ့ ပြုပြင်ပုံသွင်းခြင်း ဖြစ်တယ်။
လောက လူကိုပဲ သင်ကြည့်ရင် ၊ နားထောင်ရင် သင်စာမေးပွဲ မအောင် နိုင်ပါ။
သင့်၌ အလုပ်ရှိရင် ကောင်းချီး Blessing ရှိတယ်။
သင့် ရဲ့အလုပ်ရှင်ဟာ ယေရှုခရစ်ဖြစ်ကြောင်း ခံယူလျက် မခိုမကပ် စေတနာနဲ့လုပ်ပါ။
စေတနာ မေတ္တာမပါ ဘဲ လုပ်ရင် အကျိုးမရှိပါ။
Resting is blessing.
Working is also blessing.
လူဟာ အလုပ်နဲ့ တည့်မှ ကောင်းချီး ဖြစ်တယ်။
လူတစ်ချို့ အလုပ်နဲ့ မတည့်ကြဘူး။အလုပ်မြင်လည်း ခေါင်းရှောင်ကြတယ်။
အလုပ်မှန်သမျှ ကွေ့ပတ်ရှောင်ကြတယ်။ဆိတ်ဆိတ်နေကြတယ်။
မမြင်ယောင် ဟန်ဆောင် ကြတယ်။မကြားယောင် ဟန်ဆောင်ကြတယ်။
ဒီလူတွေဟာ အလုပ်ကောင်းချီးကို ရှောင်ကွင်းကြသူချည်းပဲ။
သူတို့ကိုယ်သူတို့ လည် လှ ပြီလို့ ထင်ကြတယ်။
တကယ်တော့ လူအ၊ လူန တွေဖြစ်ကြတယ်။
ကိုယ်တွေ့သက်သေ……
၁. ကျွန်တော်က စာမကျက်ချင်ပေမယ့် ကျမ်းစာကျက်မှတ်ပါ လို့ ဆရာနဲ့ အုပ်ထိန်းသူက ခိုင်းတဲ့အတွက် ကျက်မှတ်ခဲ့ရတယ်။
၂. နေစဉ် ကျမ်းစာဖတ်ပြီး ဘုရားပြောစကားကို မှတ်စု ရေးပါ…လို့ ဆရာတွေရဲ့စကားကို ကျွန်တော် မကြိုက်ပေမယ့် ကျွန်တော် နာခံရေးမှတ်ခဲ့တယ်။
၃. ယေရှုရဲ့ ခွင့်လွှတ်ခြင်း၊ ကယ်တင်ခြင်းသတင်းကောင်းကို သက်သေခံဝေငှ ပါ.. လို့ ဆရာတွေ ရဲ့ တိုက်တွန်းချက်ကို ကျွန်တော်မလုပ်တက်၊ မလုပ်ချင် လည်း ….သက်သေခံခဲ့တဲ့
အတွက် ကျွန်တော်သက်သေခံတက်သွားတယ်။
၎. ကျွန်တော့်ကို သမ္မာတရား သွန်သင်ပါ..လို့ ..လူတွေက စေခိုင်းကြတယ်။ ကျွန်တော်မလုပ်ချင်၊ မလုပ်တက် ဘဲ ကြိုးစားသွန်သင်ခဲ့တယ်။
၅. တစ်နှစ် ငါးနှစ် ကြား ခလေးသူငယ်များကို စောင့်ထိန်းကြည့်ရှုဖို့ ကျွန်တော်ထံ အကူအညီ တောင်းခံလာကြတယ်။ ကျွန်တော်မလုပ်ချင်၊ မလုပ်တက် ဘဲ လုပ်ခဲ့ရတယ်။ခလေးတွေက သေးပေ ချီးပေ တော့ မဆေးပေးချင်ဘဲဆေးပေးရတယ်။
ကိုယ့်ချီးတောင် ကိုယ်ရွံတယ်၊ ခလေးတွေရဲ့ ချီးကျတော့ မလွှဲမရှောင် နိုင်တော့ပါ။
တချိန်က ခလေးတွေ အပေါ်ကျွန်တော် မချစ် မသနားတက်ဘူး။ယခု ခလေးတွေ အပေါ်
မချစ် မသနားနဲ့ လို့ ကျွန်ပ် ကို တားလို့ မရနိုင်တော့ပါ။
၆. လူမျိုးစုံ၊ ယုံကြည်ခြင်းစုံတဲ့ လူတွေနဲ့လည်း မရည်ရွယ် ဆန္ဒမရှိဘဲ ခရစ်တော်ကြောင့် ပေါင်းဖော် လက်ခံ ခဲ့ရတယ်။
ယခင်က ကျွန်ပ် မသိတာ ယခု သိလာပြီ။ ယခင်က ကျွန်ပ် သင်္ခဏ်းစာ မှတ်စု မရေးတက်တာ ယခု ရေးတက်လာပြီ။ ယခင်က ကျွန်ပ် သက်သေမခံတက်တာ ယခု သက်သေမခံတက်လာပြီ။ ယခင်က ကျွန်ပ် မသင်တက်တာ ယခု သင်တက်လာပြီ။ ယခင်က ကျွန်ပ် မလုပ်တက်တာ ယခု လုပ်တက်လာပြီ။
ယခင်က ကျွန်ပ် မချစ်တက်တာ ယခု ချစ်တက်လာပြီ။
ယခင်က ကျွန်ပ် လက်မတွဲနိုင်တာ ယခု လက်တွဲနိုင်ပြီ။
ယခင်က ကျွန်ပ် ၌ မဖြစ်တာ ယခု ဖြစ်လာပြီ။
Works and assignment
အလုပ်မျိုးစုံ၊ လူမျိုးစုံ၊ အားဖြင့် မိမိကိုယ်ကို ထက်မြက်ကျွမ်းကျင်သူ၊ အသုံးကျသူ၊
အဖိုးတန်သူ ဖြစ်အောင် ဘုရားသခင်လုပ်ပေးနေတယ်။
အချိန်ကို ခွဲဝေ အသုံးပြုနည်း
၁. ဘုရားနဲ့ ရင်းနှီးသိကျွမ်းဖို့……………..?
၂. ကျန်းမာရေး ညီညွတ်ဖို့………………..?
၃. ပညာရေး တိုးတက်စုံလင်ဖို့…………..?
၎. စာရိတ္တ ကောင်းမွန်ဖို့…………………..?
၅. လူမှုရေး ယဉ်ကျေးသိမ်မွေ့ဖို့…………?
၆. လုပ်ငန်း တိုးတက် ကျယ်ပြန့်ဖို့………..?
သင် စီမံကိန်း ရေးဆွဲတက်အောင် အခြား စာပေတွေ ဆက်လေ့လာပါ။အလုပ်လုပ်ပါ။
နားရမယ့်အချိန်နားပါ။ လူ နဲ့ အလုပ်ပါ။ တိုးတက်စေပါ။
အလုပ်ထက် လူ တိုးတက်ဖို့ ပို အရေးကြီးတယ်။
အလုပ်အားဖြင့် လူထဲဖြစ်လာတဲ့ စာရိတ္တ က လူနဲ့အတူ ထာဝရပါရှိသွားမယ်။
အလုပ်က မတည်မြဲဘူး၊ တစ်နေ့ စွန့်ခွာထားခဲ့ရမယ်၊
လူရဲ့ ဝိညဉ်နဲ့ စိတ်က ထာဝရ တည်မြဲတယ်။
အလုပ်အားဖြင့်တိုးတက်ကောင်းမွန်တဲ့စာရိတ္တ ပဲ တန်ဖိုးရှိပြီး၊ မိမိအတူ ကောင်းကင်ဘုံ ပါရှိသွားမယ်။
သားတော် ယေရှုခရစ်၏ သဘော သဏ္ဍာန်ရှိလာအောင် အလုပ်ဖြင့် မိမိကို ဘုရားသခင် ပုံသွင်းနေခြင်းဖြစ်တယ်။

ဝေငှသူ.............မျိုးစေ့

0 comments:

Post a Comment